Dream World Bangkok
Starting price

฿785

People dressed in colorful cartoon character costumes parade in front of a crowd taking photos during a celebration at an amusement park.

Opening - Mon - Fri 10:00 - 17:00 hrs.

Sat - Sun 10:00 - 18:00 hrs.

Dream World


ဘန်ကောက်မြို့ထဲက အချိန်ပေးနိုင်ရင် ပေးနိုင်သလောက် ပျော်စရာ Activities မျိုးစုံကို တစ်ဝကြီးဆော့ကစားနိုင်မဲ့၊ နှစ်ပေါင်း (၃၀) သက်တမ်းရှိပြီဖြစ်တဲ့ Dream World Amusement Park က်ု အလည်သွားကြမယ်...

Dream World က ဘန်ကောက်မြို့ရဲ့ ထိပ်တန်းလည်ပတ်စရာနေရာတွေထဲက တစ်ခုဖြစ်ပါတယ်...

နာမည်နဲ့‌လိုက်အောင် အိပ်မက်ကမ္ဘာထဲရောက်သွားသလို ခံစားစေရမဲ့ Playground ကြီးပါပဲ... မိသားစုအပြင်၊ ချစ်သူစုံတွေတွေနဲ့ သူငယ်ချင်းတွေပါမကျန် ပျော်ပျော်ပါးပါး ဆော့ကစားလို့ရပြီး ဓာတ်ပုံရိုက်လို့ကောင်းတဲ့ Dream Garden ပါရှိနေပါသေးတယ်... ဒါ့အပြင် လက်ဆောင်ပစ္စည်းတွေ ဝယ်လို့ရတဲ့ စတိုးဆိုင်လေးတွေနဲ့ စားသောက်ဆိုင်တွေကအစ Dream World Plaza မှာအစုံရှိပါတယ်...

Dream World Amusement Park ဟာ (၂၅) ဧကတောင် ကျယ်ဝန်းတာမို့ ဆော့ကစားစရာတွေကလည်း တစ်နေကုန်ပတ်ဆော့ရင်တောင် မကုန်နိုင်လောက်အောင်ရှိနေပါတယ်... ဒါဆို ဘယ်လို‌ဆော့ကစားစရာနေရာတွေ ရှိနေတာလဲ????...

Fantasty Land နဲ့ Adventure land မှာဆိုရင် နာမည်ကြီးတဲ့ စီးစရာတွေ အစုံပါပဲ...

နှင်းမကျတဲ့ နိုင်ငံဖြစ်ပေမဲ့ နှင်းတောကြားမှာနေလို့ရတဲ့ (-8°)C လောက်ထိအေးတဲ့ Snow City

အပေါ်စီးကနေ (360°) View ကြည့်လို့ရတဲ့ Cable Car

ရင်တုန်၊စိတ်လှုပ်ရှားစရာကောင်းတဲ့ Tornado/ Hurricane/ Sky Coaster/ Vikings တို့လိုစီးစရာတွေ

Super Splash/ Water Tooth/ Baan Yak တို့လို ရေစိုစေမဲ့ ရေလွှာလျှောအကြီးကြီးတွေ

4D Adventure/ Ghost House/ တိုက်ကား/ မိုးပျံရထား/ မိုးပျံဘတ်စ်ကားတွေ အပြင် Flying Fish/ Animal Farm တို့လို နေရာတွေလည်း ရှိနေပါသေးတယ်...

ဆော့ကစားစရာ အမျိုး (၂၀) ကျော်သာမကသေးပဲ Parade Show/ Hollywood Action/ Street Show ဆိုပြီး Show ပွဲတွေပါ ကြည့်လို့ရပါသေးတယ်...

Dream World

Dream World